- ဤခန္ဓသုတ် ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။
- အာဏာခေတ်ဟုခေါ်သော စကြဝဠာ ကုဋေတသိန်း အတွင်း၌ သတ္တဝါအများရှိကြ၏။ မြွေမှတပါး ကျန်သော သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
- ဝိရူပက္ခ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဧရာပထ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဆဗျာပုတ္တ နဂါးမင်းတို့နှင့် အတတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ကဏှာဂေါတမ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။
- အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊ ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် အတူတကွ ဖြစ်ပါစေသတည်း။
- အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ အခြေနှစ်ချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေထောက်များစွာရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။
- အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ အသက်ရှူရှိုက်တတ်သော သတ္တဝါ အားလုံးတို့သည်၎င်း၊ ကိုယ်ကာယ အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အကောင်း အမြတ်တို့ကိုသာ မြင်ကြပါစေ။ အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။
- (ကိလေသာသည် နှိုင်းယှဉ်စရာ အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားသည် ပမာဏပြုစရာ ကိလေသာမရှိ။ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ ကင်း၊ သန်း၊ မြွေ၊ ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊ ကြွက်စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။
- ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွနု်ပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။
No comments:
Post a Comment